“အချိန်ကဖက်ဆစ် ဂျပန်ခေတ်”
လူကြီးတစ်ယောက်စက်ဘီးစီးလာစဉ်လမ်းဘေးမှလျှောက်လာသောဂျပန်စစ်သားတစ်ယောက်ကို
တိုက်မိရာဂျပန်စစ်သားလဲကျသွားသည်။စက်ဘီး
လည်းလမ်းဘေးလဲကျသွားသည်။
စက်ဘီးစီးလာသူကအကြောက်လွန်ပြီးစကားပြော
မထွက်ပဲစက်ဘီးကိုထူလိုက်ပြီးကြောင်တောင်
တောင်ရပ်နေမိသည်။
အတိုက်ခံရသောဂျပန်စစ်သားက ဘာမှမပြောပဲအိပ်
ထဲမှစာအုပ်ငယ်တစ်ခုကိုထုတ်၍အလျင်စလိုသဲသဲမဲ
မဲလှန်နေသည်။
စက်ဘီးသမားကလည်းမိမိအားဘာပုဒ်မ တပ်မည်
လဲဟုစိုးရိမ်စိတ်နှင့်ရပ်ကြည့်နေရှာသည်။
ဂျပန်စစ်သားကလည်းဘာမျှမပြောပဲစာအုပ်ကိုသာ
မဲ၍လှန်ရာမှမိမိလိုချင်သည်ကိုတွေ့သွားဟန်ဖြင့်
ကျေနပ်ပြုံးပြုံးပြီး စာအုပ်ကိုကြည့်လျက်အသံ
ကျယ်ကြီးဖြင့်မြန်မာလိုအော်လိုက်သည်။
“အောင်မယ်လေးဗျ”
ထိုနောက်မိမိအားစက်ဘီးနှင့်တိုက်သူကိုလက်မ
ထောင်ပြပီးထွက်သွားတော့သည်။သည်တော့
မှစက်ဘီးသမားကသက်ပြင်းချနိုင်သည်။
“ဒီဂျပန်ကမြန်မာစကားသင်နေတုန်းကိုး”
#????????????????????????????????????????????????????????????????
0 Comments on "“အချိန်ကဖက်ဆစ် ဂျပန်ခေတ်”"