
၂၀၂၃ ဂျပန် “ကဗျာ”
ညီလေးတစ်ယောက်က ဂျပန်မသွားရသေးလို့
ကဗျာလေးနဲ့ရင်ဖွင့်လာတယ် ။
သူ့ရဲ့ကဗျာလေးနဲ့ ကာရံညီအောင်ပြန်စပ်ပေးလိုက်တယ်..
“တွေးရင်းနဲ့ပျော် မျော်လေဝေးခဲ့
အင်တာဗျူးလဲ ရောက်မလိုလို
japanပြည်လဲသင်တန်းတွေတတ်
အချိန်ကုန်ခဲ့….” တဲ့လေ ။
ကျွန်တော်လည်း ကဗျာလေးပြန်စပ်လိုက်တယ်။
“အတွေးတွေကို စိတ်ကူးမှာထားတော့
လက်တွေ့ဘဝမှာ လိုရာမရောက်ပေါ့…
တစ်နှစ်နှစ်ခါ levelတက်ရင်
၃နှစ်သာဆို N1တောင်ရောက်တော့…..
ကိုယ်ကမရှာ သူလာရှာမည်
တစ်နေ့ဂျပန် ဘယ်ပြေးလိမ့်မပေါ့….”
ကျွန်တော်တို့ဘဝမှာအောင်မြင်မှုဆိုတာက
ခဏလေးနဲ့ နည်းနည်းလေးပဲရတတ်တာလေ။
အဲဒီ အချိန်ရောက်ဖို့ပြင်ဆင်ရမှာက
ကျွန်တော်တို့တာဝန်နဲ့ အလုပ်ပဲမဟုတ်လား။
ဘယ်သူ့ဘယ်သူမှာမှ တာဝန်မရှိပါဘူး။
Sai Sithu

Tags:
Share:
0 Comments on "၂၀၂၃ ဂျပန် “ကဗျာ”"