ဂျပန်မှာ အလုပ်တစ်ခုရဖို့ရှာရတာတကယ်မလွယ်ပါဘူး။
ဂျပန်မှာ အလုပ်တစ်ခုရဖို့ရှာရတာတကယ်မလွယ်ပါဘူး။ သူ့နိုင်ငံသားတွေတောင်မှ အလုပ်တစ်ခုရဖို့ အဆင့်ဆင့်အင်တာဗျူးတွေဝင်ပြီး အချိန်၁နှစ်လောက်ပေးပြီးအပြိုင်အဆိုင်ကြိုးစားကြရတာ၊
အလုပ်ရပြီဆိုရင်လည်း တစ်သက်လုံးဒီအလုပ်ကိုပဲ စွဲစွဲမြဲမြဲလုပ်ကိုင်ကြတာများပါတယ်။
ကိုယ့်ဆီကလူငယ်တွေကတော့ အလုပ်မှာနည်းနည်းကြာလာတာနဲ့ အလုပ်မှာအသားကျလာတာမျိုးမရှိပဲ နေရာသစ်ကိုရှာဖွေဖို့သာ ပိုမိုစိတ်အားထက်သန်လာကြတာက ဂျပန်လိုနိုင်ငံမျိုးမှာ အခက်အခဲတော့ရှိပါတယ်။
အေဂျင်စီတွေအနေနဲ့အလုပ်ရှာဖွေရတာ
လူရောစိတ်ပါအရမ်းပင်ပန်းရပါတယ်။
အလုပ်သမားဘက်ကဝန်ဆောင်ခပေးရတာရှိသလို
မပေးရတာလည်းရှိပေမယ့် အလုပ်တစ်ခုရှာဖွေပေးနိုင်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။
အပြန်အလှန်ကတိကဝတ်တွေပေးရတာ၊
စာရွက်စာတမ်းလုပ်ဆောင်ချက်တွေ
အရမ်းများပြားပြီးရှုပ်ထွေးတာ၊
တာဝန်ယူမှု တာဝန်ခံမှု အပြည့်ပေးထားရတာ၊
စည်းမျဥ်းစည်းကမ်းတွေလိုက်နာရတာ၊
ငွေကြေးအချိန် ဂုဏ်သိက္ခာတွေ
ရင်းနှီးမြုပ်နှံထားရတာ၊
အဖက်ဖက်မှာအပေးအယူတွေရှိတာ၊
တခြားနိုင်ငံသားတွေနဲ့ယှဥ်ပြိုင်ရတာ၊
ကိုယ့်နိုင်ငံသားတွေက ရှေ့မှာ
ကောင်းကောင်းမွန်မွန်ကြိုးစားလုပ်ကိုင်မှသာ
နောက်လူတွေအတွက် အခွင့်အလမ်းသာတာ၊
တိုင်းပြည်အခြေအနေကိုအကြောင်းပြုပြီး အလုပ်ကထွက်ပြေးပြီး ဒုက္ခသည်လျှောက်တာ
များလာတာ၊
နီပေါနိုင်ငံသားတွေကဈေးကွက်ဖျက်လာတာ
(သူတို့ကငွေပြန်ပေးပြီးအလုပ်ရှိနေတာ)၊
ကိုယ့်အချင်းချင်းလည်းဈေးကွက်ဖျက်နေတာ၊
စသဖြင့် အမျိုးမျိုးသောအခက်အခဲတွေကြောင့်အလုပ်ရှာရတာမလွယ်ပါဘူး။
အလုပ်ရှင်တွေဘက်ကလည်း
အကုန်အကျများသလို
အလုပ်သမားတစ်ယောက်ခေါ်တိုင်း
တာဝန်ကြီးတာကြောင့်၊
ရှေ့လူကပေါက်ကရလုပ်ရင်
နောက်လူတွေခေါ်ဖို့ဆိုတာ
ခက်ခဲသွားတာကြောင့်
ကိုယ့်ရွှေမြန်မာတွေ ဂျပန်ရောက်ပြီဆိုတာနဲ့
အောက်ခြေမလွတ်ပဲ ရိုးသားကြိုးစားကြဖို့လိုအပ်ပြီး ဥပဒေနဲ့အညီ နေထိုင်လုပ်ကိုင်ကြဖို့လိုအပ်ပါတယ်။
မြန်မာနိုင်ငံက ရည်ရွယ်ချက်ကြီးကြီးနဲ့ ဂျပန်နိုင်ငံကိုသွားရောက်နိုင်ဖို့
ဂျပန်စာသင်နေကြတဲ့ လူငယ်တွေအနေနဲ့ကလည်း ပိုမိုပြီးအစွမ်းကုန်
ကြိုးစားအားထုတ်ကြဖို့လိုအပ်ပါတယ်။
လမ်းကြောင်းတူသွားတဲ့အခါ
ရှေ့လူထက် နောက်လူကသာစမြဲမို့
မလျှော့သောဇွဲလုံ့လဝီရိယကို အခြေခံပြီး
ကြိုးစားပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုပါတယ်။
အောင်မြင်မှုရဖို့ဆိုတာ
ဘက်စုံတွန်းနိုင်မှသာ ရွေ့ကြမှာပါ။
နောက်ဆုံးတော့
ပြိုင်ဆိုင်မှုပြင်းထန်တဲ့လောကကြီးအလယ်
Survival of the fittest .
အကြံ့ခိုင်ဆုံး ၊
အသန်မာဆုံး လူ / ကုမ္ပဏီ သာ
အသက်ရှင်ကျန်ရစ်နိုင်လိမ့်မယ် ။
Sai Sithu
Silver Crane
0 Comments on "ဂျပန်မှာ အလုပ်တစ်ခုရဖို့ရှာရတာတကယ်မလွယ်ပါဘူး။"