အလုပ်သင်လုပ်သားစနစ်သစ်
ဂျပန်နိုင်ငံကိုအလုပ်သင်လုပ်သားစေလွှတ်ရေးနဲ့ပတ်သက်ပြီးစနစ်သစ်မှာပါတဲ့
အကြောင်းအရာတွေကို ဂျပန်နိုင်ငံက အလုပ်သင်လုပ်သားကြီးကြပ်အဖွဲ့အစည်းOTITနဲ့တရားရေးဌာန ၊ နိုင်ငံခြားရေးဌာနတွေကလာရောက်ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။
အရင်စနစ်အဟောင်းတုန်းက ၃နှစ်ပြည့်ရင်ပြန်ရပြီးတော့ အလုပ်သင်နဲ့လာရောက်ခွင့်မရှိတော့ပါဘူး ။ ကျောင်းတက်မလား အလုပ်ဗီဇာနဲ့ပြန်သွားမလား ဆိုတာတော့ အရင်
လုပ်ခဲ့တဲ့လုပ်ငန်းအမျိုးအစားအတိုင်းဆိုရင်ရပါတယ်။
အလုပ်ရှင်တွေဘက်ကျတော့ လုပ်ငန်းမှာ အားထားနေရပြီဖြစ်တဲ့အလုပ်သင်လုပ်သားတွေအစားနောက်ထပ်အသစ်ခေါ်ရတာကြောင့်စရိတ်ကုန် အလုပ်ရှုပ် လူသစ်ပြန်မွေးရတာကြောင့် အဆင်မပြေကြပါဘူး။အလုပ်သင်စနစ်နဲ့ပဲ ခေါ်ဖို့လွယ်နေပြန်တော့ အခုစနစ်သစ်ကိုပြောင်းပေးလိုက်ခြင်းဖြင့်လုပ်သားရော အလုပ်ရှင်ပါအဆင်ပြေကြပါတယ်။
အလုပ်သင်စနစ်မှာအခြေခံအဆင့်( ၁ )ကတော့ရောက်တာနဲ့ ခုမိအအိဆီမှာ ဂျပန်မှာနေထိုင်မှု
စနစ်နဲ့လုပ်ငန်းခွင်ဘာသာစကားတွေကို လုပ်ငန်းအလိုက် သင်တန်း၁လ သို့မဟုတ်၂လ
နေထိုင်စားရိတ်ငြိမ်းသင်တန်းတက်ပြီး လစာမရပဲ ထောက်ပံ့ကြေးငွေရရှိပါတယ်။
ပထမတနှစ်ပြည့်ရင် အလုပ်သင်အဆင့်(၂)စာမေးပွဲဖြေဆိုကြရပြီး လုပ်ငန်းခွင်နဲ့ဘာသာစကားအနည်းငယ်တတ်မြောက်မှုကိုစာမေးပွဲဖြေကြရပါတယ် ။ အများစုကအောင်မြင်ပါတယ်။ အဲဒီမှာ သက်တမ်း၂နှစ်ထပ်ရပါတယ်။အဓိကကတော့ ကြီးကြပ်အဖွဲ့အစည်း ခုမိအအိ တွေကထောက်ခံချက်ပေးပြီး သက်တမ်းထပ်တိုးပေးတာပါ။
ခုမိအအိက သက်တမ်းမတိုးပေးချင်လို့ ပြန်လွှတ်တာမျိုးလည်းရှိနိုင်ပါတယ်။
အဲဒီအခါမှာတော့ ပြဿနာရှိနိုင်ပါတယ်။
လုပ်သားကသက်တမ်း၃နှစ်စာချုပ်နဲ့လာခဲ့တာကြောင့် မပြန်ချင်ဘူး ။
ဒုတိယသက်တမ်းကတော့ နောက်ထပ်၂နှစ် ပြည့်သွားရင် အလုပ်သင်အဆင့်(၃) ကို
လုပ်ကိုင်နိုင်ရန်အတွက်စာမေးပွဲကိုဖြေဆိုကြရပါမယ်။
အောင်ခဲ့ရင် နောက်ထပ်၂နှစ် လုပ်ကိုင်ခွင့်ရပါမယ်။ လစာလည်း တိုးမြှင့်သွားမှာဖြစ်ပါတယ်။
ဒါပေမယ့် အောင်မြင်တိုင်း သွားရောက်လုပ်ကိုင်ရမယ်လို့မဆိုလိုပါဘူး။ အလုပ်ရှင်ကခေါ်ယူလိုမှသာ ခေတ္တ(၁)လခန့်ပြန်ပြီး မည်သည့်ဆောင်ရွက်ချက်မှထပ်လုပ်ရန်မလိုပဲ
ချက်ချင်းထွက်ခွာနိုင်ပါတယ်။ မိမိရဲ့ အေဂျင်စီကလည်း ဆောင်ရွက်ပေးဖို့ ကြိုတင်ပြီး
စာရွက်စာတမ်းများ စီစဉ်ပေးရပါတယ်။အဲဒီအတွက်ကုန်ကျစရိတ်ကိုသတ်မှတ်ချက်တော့မထုတ်ပြန်ထားတဲ့အတွက်ကြောင့်မိမိအေဂျင်စီနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသင့်တယ်ထင်ပါတယ်။
တချို့ကျတော့ မပြန်ခင်မှာစာမေးပွဲဖြေပြီး အောင်မြင်ခဲ့ကြပေမယ့်လည်း အလုပ်ရှင်ကပြန်မခေါ်လို့ မသွားရတဲ့အခါ မိမိကိုစေလွှတ်ခဲ့တဲ့အေဂျင်စီ သို့မဟုတ် အေဂျင်စီအသစ်နဲ့
ချိတ်ဆက်ပြီး နောက်ထပ်၂နှစ်ကို လုပ်ကိုင်နိုင်ရန်တခြားအေဂျင်စီနဲ့ဆောင်ရွက်လို့ရပါတယ်။
အရင်အလုပ်ရှင် နဲ့ ခုမိအအိ မတူလည်း အလုပ်သစ်ကိုရှာဖွေလုပ်ကိုင်လို့ရတယ်
ဆိုတာသိထားသင့်ပါတယ်။
ဒါပေမယ့် အစအဆုံးပြန်ပြီး ဆောင်ရွက်ရတဲ့အတွက် ၄ လခန့် ကြာမြင့်နိုင်ပြီးမြန်မာအေဂျင်စီဘက်ကလည်း အသစ်ပို့ပေးရသလိုပဲ အစအစအဆုံးပြန်လည်ဆောင်ရွက်ပေးရတာကြောင့်
ကုန်ကျစရိတ်တော့ရှိမှာ အသေအချာပါပဲ။
ဂျပန်မှာ စည်းကမ်းရှိရှိနဲ့ ၃နှစ်ပြည့်သည်အထိ လုပ်ကိုင်ခဲ့ကြပြီးသူများအတွက်ကတော့
နောင်လာမယ့် စနစ်သစ်များမှာ အကျိုးခံစားခွင့်ရမှာအသေအချာပါပဲ။
စုစုပေါင်း၅နှစ်သက်တမ်းအထိလုပ်ကိုင်ခဲ့ပြီးရင်တော့ ကျွမ်းကျင်လုပ်သားအဖြစ် Work visaနဲ့
ပြန်လည်သွားရောက်လုပ်ကိုင်နိုင်မှာပါ။
ကိုစိုင်း ငွေကြိုးကြာ
0 Comments on "အလုပ်သင်လုပ်သားစနစ်သစ်"