
ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအလုပ်သင်တန်းသားစနစ် အကြောင်းသိကောင်းစရာ အပိုင်း(၁)
Care Giver
(ပြုစုစောင့်ရှောက်ခြင်းအလုပ်)
*********************
KAIGO
(ပြုစုစောင့်ရှောက်ခြင်းအလုပ်)
**********************
ဒီနှစ်မျိုးကအဓိပ္ပါယ်အတူတူဖြစ်ပါတယ် ။
Kaigo ဆိုသည်မှာ
အလုပ်သင်သင်တန်းသားစနစ်သည် သူနာပြုအလုပ်/သူနာပြုအကူအလုပ် မဟုတ်ပါ။
သက်ကြီးရွယ်အိုနှင့်မသန်စွမ်းသူများကို ပြုစုစောင့်ရှောက်ခြင်းအလုပ်ဖြစ်ပါသည်။
လုပ်ငန်းအကြောင်းအရာ
*****
ဘာသာစကားကျွမ်းကျင်မှု (ဆက်ဆံရေး)၊ လူသားအဖြစ် တန်ဖိုးထားသတ်မှတ်မှု ၊လုပ်ငန်းနည်းပညာလက်တွေ့လေ့ကျင့်မှု၊ ပတ်ဝန်းကျင် အခြေအနေ၊ အဖွဲ့အစည်းများကိုလေ့လာပြီး ကိုယ်စိတ်ခန္ဓာ အခြေအနေများပေါ်မူတည်၍ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများကို ပြုစုကူညီပေး
ရသည့်အလုပ်ဖြစ်ပါသည်။
ပထမနှစ်-
သတ်မှတ်ထားသောလုပ်ငန်းဆောင်တာများကို နားလည်ပြီး ညွှန်ကြားချက်အတိုင်း လက်တွေ့လုပ်ဆောင်နိုင်မှု Level
ဒုတိယနှစ် –
သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းသူများ၏ စိတ်/ခန္ဒာကိုယ်အခြေ
အနေများကို သိရှိနိုင်ပြီး ညွှန်ကြားချက်အတိုင်း လက်တွေ့လိုက်နာလုပ်ဆောင်နိုင်မှု Level
တတိယနှစ် –
မိမိကိုယ်တိုင် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ စိတ်/ခန္ဒာကိုယ်အခြေအနေများကိုသိရှိနိုင်ပြီး ကိုယ်တိုင်လက်တွေ့လုပ်ဆောင်နိုင်မှု Level
ဂျပန်လူမျိုးများနှင့် တန်းတူခံစားခွင့်ပြုခြင်း ။
ထိန်းသိမ်းအဖွဲ့အစည်းမှသေချာစွာကြီးကြပ်ခြင်း။
အလုပ်သင် သင်တန်းနေရာသတ်မှတ်ချက်
**********
၁။ အနည်းဆုံး၃နှစ်သက်တမ်းရှိသော နေရာဖြစ်ရမည်။
၂။ အစိုးရအသိအမှတ်ပြုအောင်လက်မှတ်
(နည်းပညာကျွမ်းကျင်မှု)ရရှိထားသူ ၁ဦး အထက် နည်းပညာညွှန်ကြားပြသနိုင်သူဖြစ်ရမည် ။
လုပ်သက်(နည်းပညာ) ၅နှစ်အထက်ရှိသူများသာလျှင် နည်းပညာညွှန်ကြားသူများဖြစ်ရမည်။
တရားရေးဝန်ကြီးဌာန သို့မဟုတ် အလုပ်သမား၊ ကျမ်းမာရေး ဝန်ကြီးဌာန အသိအမှတ်ပြု
သင်တန်းပြီးဆုံးသူကိုသာလျှင် အလုပ်သင်သင်တန်း လက်တွေ့တာဝန်ခံ ခန့်ထားရမည်။
၃။ အလုပ်သင်သင်တန်းသား၏ လူနေမှုဘဝ
ညွှန်ကြားပြသသူ /သင်တန်းတာဝန်ခံ /
လူနေမှုသင်ပြသူများသည် အလုပ်သင်သင်တန်းနေရာ၏ အမြဲတမ်းဝန်ထမ်း (သို့)
ဒါရိုက်တာအဖွဲ့ဝင် ဖြစ်ရမည်။
၎။ ပူးတွဲဖော်ပြပါ နေရာများတွင်သာသင်တန်းသား အလုပ်သင်
သင်တန်းလေ့ကျင့်ရမည်။
၅။ နေအိမ်များတွင် ပြုစုစောင့်ရှောက်မှု အကူအညီပေးခြင်းမပြုရ ။
၆။ လက်ခံနိုင်သော အလုပ်သင်သင်တန်းသား
အရေအတွက်ထက်မကျော်လွန်ရ ။
၇။ ညအချိန် (သို့) အရေးပေါ်အချိန်များတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၏ အန္တရာယ်ကင်းနိုင်မှုကိုဦးစားပေးလုပ်ဆောင်နိုင်အောင် စီစဉ်ထားပြီးဖြစ်သောနေရာဌာနများဖြစ်ရမည် ။
အလုပ်သင်သင်တန်းသား နှင့်ပတ်သက်သော
သတ်မှတ်ချက်
********
အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ရမည်။
အလုပ်သင်တန်းစနစ်ကို နားလည်သဘောပေါက်ပြီး လက်တွေ့လုပ်ကိုင်နိုင်သူဖြစ်ရမည်။
သင်တန်းကာလပြီးဆုံးပြီးနောက် မိမိနိုင်ငံတွင် ဤနည်းပညာကို ပြန်လည်အသုံးချနိုင်သူ။
လုပ်ငန်းအတွေ့အကြုံရှိသူ (သို့)သင်ယူလိုကြောင်းရှင်းလင်းတင်ပြနိုင်သူဖြစ်ရမည်။
သက်ဆိုင်ရာအစိုးရ (သို့)ပုဂ္ဂလိက အဖွဲ့အစည်းမှထောက်ခံသူဖြစ်ရမည်။
ဂျပန်နိုင်ငံတွင်အလားတူသင်တန်းမျိုး
တက်ရောက်ခြင်းမရှိဖူးသူ ဖြစ်ရမည်။
ဂျပန်ဘာသာစကား
*************
ပထမနှစ်—-
CoEလျှောက်ထားချိန်တွင် Japan N4
အောင်မြင်ထားသူဖြစ်ရမည်။ N3အဆင့်ရှိသူဖြစ်ရန် မိမိနိုင်ငံတွင် သင်ကြားထားရမည်။
ဒုတိယနှစ်—-
ပထမနှစ် ဗီဇာသက်တမ်းတိုးလျှောက်ချိန်တွင်N3အောင်မြင်ပြီးသူဖြစ်ရပါမည် ။
JLPT , NAT TEST , J TEST, Top J များသာအသိအမှတ်ပြုပါသည်။
J TEST. E-F level ,350
NAT TEST. A-D level, 400
JLPT. 3,2,1
ကိုစိုင်း ငွေကြိုးကြာ ၁၁၊၇၊၂၀၁၈
SilverCraneဂျပန်နိုင်ငံသို့မှန်ကန်စွာဖြင့်သွားရောက်လိုပါက
ပုံပါ လိပ်စာကတ်အတိုင်း ဆက်သွယ်နိုင်ပါသည်။



0 Comments on "ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအလုပ်သင်တန်းသားစနစ် အကြောင်းသိကောင်းစရာ အပိုင်း(၁)"