May 16, 2016 News 0 Comments

အိမ်​ခြံ​မြေအ​ရောင်းအဝယ်​​လောက အမှတ်​တရများ

အပိုင်း (၁)

ကျွန်​​တော်​အိမ်​ခြံ​မြေအ​ရောင်းအဝယ်​​တွေ လုပ်​​နေတုန်းက အရာရှိအကြီးကြီး တစ်​​ယောက်​ရဲ့​မြေကွက်​ကို ​ရောင်း​ပေးဖို့ စာရွက်​စာတမ်းမိတ္တူ​တွေလာ​ပေး​တော့ စိတ်​ဝင်​စားပြီးကြိုးစား​ရောင်း​ပေးဖူးတယ်​။

သာ​ကေတဧရာဝဏ်​လမ်းမကြီးနား လုံးချင်းအိမ်​ယာအကွက်​ထဲက ပစ်​ထားတဲ့ ​မြေကွက်​တစ်​ခုပါ ။ ပေ၁၀၀ပတ်​လည်​​မြေကွက်​​တွေနဲ့ အိမ်​ကြီးအိမ်​​ကောင်း​တွေရှိတဲ့ အိမ်​ယာဖြစ်​ပြီး ဂရန်​အမည်​​ပေါက်​နဲ့ပိုင်​ဆိုင်​မှု အ​ထောက်​အထား ခိုင်​မာတဲ့​မြေကွက်
ဆို​တော့ အ​ရောင်းအဝယ်​​တွေ အရမ်း​ကောင်း​နေတဲ့အချိန်​မှာ ခေါ်ထားတဲ့​ဈေးကလည်း ​မြေကြီးသက်​သက်​ကို သိန်း၅၀၀၀နဲ့ ​ခေါ်ထားတာ များတယ်​လို့မဆိုသာဘူး။ ​ဘေးနားကအိမ်​​တွေကလည်း ဗိုလ်​ချုပ်​ဘယ်​သူ၊ဝန်​ကြီးဘယ်​သူဆိုတဲ့ အိမ်​ကြီး​တွေလည်းရှိ​နေ​တော့
တချို့လည်းဝယ်​ထားပြီး ဒီအတိုင်းပစ်​ထားတဲ့ မြေကွက်​​တွေလည်းရှိပါတယ်​။ ဒီ​မြေကွက်​​တွေက အရာရှိကြီး​တွေ အတွက်​နိုင်​ငံ​တော်​က​မြေကွက်​​ဖော်​ထုတ်​ပြီး သတ်​မှတ်​​ဈေးနဲ့ ​ရောင်းချ​ပေးထားတာ ဈေးနှုန်းလည်း​ရေးထားတာ​တွေ့ရပါတယ်​။

ဘာပဲ​ပြော​ပြော အိမ်​ခြံ​မြေဆိုတာ ဝယ်​ပြီးတာနဲ့​ဈေးတက်​တယ်​ သေချာ​ပေါက်​မြတ်​တယ်​ဆိုတဲ့၂၀၁၀​နောက်​ပိုင်းအချိန်​မှာ လူ​တွေလက်​ထဲ​ငွေရှိတာနဲ့ အလုအယက်​​မြေလိုက်​ဝယ်​​နေတဲ့ အချိန်​မှာ ​ရောင်းသူကစင်​​ပေါ်မှာပဲ။ အဲဒီ​မြေကွက်​ကိုဝယ်​လက်​ကကြိုက်​တယ်​။
ဈေးကို​တော့များလို့​ဈေးဆစ်​ခိုင်းတယ်​။ ပိုင်​ရှင်​ကလည်း ကျွန်​​တော်​နဲ့ပဲ စကားပြန်​တယ်​။ လုံးဝမ​လျှော့ပါဘူးတဲ့ ။ သူကလည်း နိုင်​ငံ​ရေးမှာသာ အ​ပေါက်​ဆိုးပြီး အသံကျယ်​တာ အပြင်​မှာ​တော့စကား​ပြောချိုပါတယ်​။
ကျွန်​​တော်​ကလည်း ​ရောင်းသင့်​တဲ့ ​ဈေးဖြစ်​​နေတာ​ကြောင့်​ ” အဘရယ်​ ဒီ​ဈေးနဲ့က​တော့မဆိုးပါဘူး အဘလည်း ဒီအတိုင်းပစ်​ထားတာပဲ ငွေ​ပေါ်တာ​ပေါ့ ” ဆိုပြီး ပွဲစားအထှာနဲ့​ပြော​တော့ အဘကလည်း “ငါ့တူရယ်​ မ​ရောင်းရလည်းဘာမှမဖြစ်​ပါဘူး သူတို့လည်းဝယ်​နိုင်​တာပဲကွာ ဈေးဆစ်​ချင်​ရင်​ တခြား​မြေကွက်​သာ ရှာ​ပေးလိုက်​ပါကွာ”ဆိုပြီး လေသံ​အေး​အေး​လေးနဲ့ စကားအပြတ်​​ပြောလိုက်​​တော့ ကျွန်​​တော်​လည်း အသာ​လေး ​နောက်​ဆုတ်​ပြန်​ခဲ့ရ​တော့တာ​ပေါ့။

ဟိုဘက်​ကလည်း မဝယ်​ဖြစ်​​တော့ဘူး။ ​မြေကွက်​ဝယ်​မယ့်​ပိုက်​ဆံ ဆိုင်​ခွဲ​တွေပဲချဲ့လိုက်​​တော့မယ်​ဆိုပြီး အ​ရောင်းအဝယ်​ပျက်​​ရော​ပေါ့ဗျာ။ အဘမှာလည်း ​မြေကွက်​​တွေကများ​တော့ သူ့​မြေကွက်​​တွေကို ပုံ​သေ​ဈေး သတ်​မှတ်​ထားတယ်​ ထင်​ပါရဲ့။ တချိန်​ကလယ်​​မြေဖြစ်​ခဲ့ဖူးတဲ့ အဲဒီ​နေရာက လယ်​ပိုင်​ရှင်​​တွေကို မြင်​​စေချင်​လိုက်​တာ။

“ဪ အဘရယ်​ ​ငွေ၅သိန်းနဲ့ရထားတာကို သိန်း၄၀၀၀​ပေးတာ မ​ရောင်းဘူးဆို​တော့ မိုက်​လိုက်​​လေခြင်းဗျာ နို့မို့ဆိုကျွန်​​တော်​လည်း ပွဲခ သိန်း၈၀ အသာ​လေးရမှာ “လို့ပဲ
ရင်​နာနာနဲ့ ​ရေရွတ်​ရင်းမိတ္တူစာရွက်​​တွေကို တစစီဆွဲဖြဲလိုက်​ပါ​တော့တယ်​။

ကိုစိုင်း ​ငွေကြိုးကြာ ၁၊၂၊၂၀၁၉

Share: