May 12, 2016 News 0 Comments

ထိုင်းနိုင်​ငံသို့ တရားဝင်​အလုပ်​အကိုင်​ရှာ​ဖွေရန်​ နေပြည်​​တော်​၊အလုပ်​သမားညွှန်​ကြား​ရေးဦးစီးဌာန မှ ၁၀လပိုင်း၂၀၁၈ရက်​အထိထုတ်​ပြန်​ထားပြီးခွင့်​ပြုချက်​ရရှိထား​သော​အေဂျင်​စီစုစု​ပေါင်း 109 ကုမ္ပဏီ၏စာရင်း

ထိုင်းနိုင်​ငံသို့ တရားဝင်​အလုပ်​အကိုင်​ရှာ​ဖွေရန်​ နေပြည်​​တော်​၊အလုပ်​သမားညွှန်​ကြား​ရေးဦးစီးဌာန မှ ၁၀လပိုင်း၂၀၁၈ရက်​အထိထုတ်​ပြန်​ထားပြီးခွင့်​ပြုချက်​ရရှိထား​သော​အေဂျင်​စီစုစု​ပေါင်း 109 ကုမ္ပဏီ၏စာရင်းကို​ဖော်​ပြလိုက်​ပါသည်​။

ထိုင်းနိုင်​ငံအလုပ်​အကိုင်​များနှင့်​ပတ်​သက်​၍ စုံစမ်းသိရှိလိုပါက ​အောက်​ပါစာရင်းတွင်​ ပါရှိ​သော လိပ်​စာများအား တိုက်​ရိုက်​ဆက်​သွယ်​ခြင်း၊ မြန်​မာပြည်​ပအလုပ်​အကိုင်​ဝန်​​ဆောင်​မှုလုပ်​ငန်းရှင်​များအဖွဲ့ချုပ်​ (MOEAF) သို့ တိုက်​ရိုက်​ဆက်​သွယ်​၍ မေးမြန်းစုံစမ်းနိုင်​ပါသည်​။

အထူးသတိပြုရန်​မှာ မည်​သည့်​တရားဝင်​ နယ်​ကိုယ်​စားလှယ်​ဖြစ်​​စေ၊ တရားမဝင်​ပွဲစားများဖြစ်​​စေ၊ ရုံးခန်းဖွင့်​၍လိမ်​လည်​​နေ​သောသူများဖြစ်​​စေ၊ စာသင်​​ကျောင်းများမှဖြစ်​​စေ ငွေ​ကြေး​ကောက်​ခံထားပါက ဥပ​ဒေနဲ့မညီပဲ အ​ရေးယူခံရနိုင်​ပြီး ၊လုပ်​သားများမှအမှုဖွင့်​တိုင်​ကြားခြင်း တရားစွဲဆိုခြင်းများအားပြုလုပ်​နိုင်​​ကြောင်း အသိ​ပေးအပ်​ပါသည်​။

MOEAF ရုံး လိပ်​စာ
အမှတ်​ ၄၅၆ ၊ ၆ လွှာ ၊ ကုန်​သည်​လမ်းနှင့်​ ဘိုက​လေး​ဈေးလမ်း​ထောင့်​၊ ဗိုလ်​တ​ထောင်​မြို့နယ်​ ၊
ဖုန်း ၀၁၂၅၆၇၂၇ ၊ ၀၉၄၅၂၆၉၅၈၂၂

MOEAF ပြန်​ကြား​ရေး​ကော်​မတီ ၄၊၂၊၂၀၁၉

Share: